Sunday, February 23, 2025

The Enchanted Hollow Adventure

 

The Enchanted Hollow Adventure

Chapter 1: The Mysterious Hole

It was the last day of school before the long-awaited summer holiday. Mia, Liam, and Ollie could hardly contain their excitement. As their mother packed their bags, she filled them with an extra special treat: a batch of delicious cookies.

“Don’t forget to bring your umbrellas,” their mother reminded them. “And Mia, please take care of your little brothers, Liam, who is 7 years old, and Ollie, who is 4 years old. You’re the biggest one.”

Mia nodded with a determined look in her eyes. “I will, Mom,” she promised.

They set off to school with a skip in their step. However, halfway there, the sky darkened, and rain began to pour. But rather than frowning, the siblings welcomed the rain with open arms.

“Let’s run in the rain!” Mia shouted, her voice filled with glee.

Wednesday, February 19, 2025

မကြည်ပြာ ဗိုင်းရပ်စ် အကိုက်ခံရခြင်း


(၁)

သူ လမ်းလျှောက်နေသည်။ မည်သည့်နေရာဟူ၍ ဦးတည်လျှောက်နေခြင်းမဟုတ်ပါဘဲ လမ်းလျှောက်နေခြင်းသက်သက်သာ ဖြစ်သည်။ ထူးဆန်းသည်က သူ့စိတ်တွင် ရှိသည့် တစ်ခုတည်းသောအတွေးမှာ “သူသည် မကြည်ပြာ မဟုတ်” ဟူသည့် အတွေးသာဖြစ်၏။

လမ်းဘေးဝဲယာသို့ကြည့်ရင်းကပင် ပါးလျတိုးသက်သည့် ခေါ်သံတစ်ခုကို ကြားလိုက်ရသလိုရှိသည်။ သူ့ကို ခေါ်သည်လား။ မကြည်ပြာကို ခေါ်သည်လား။ သူကိုယ်တိုင်ပင် ဝေခွဲမရ။


“မကြည်ပြာ…”

“မကြည်ပြာ…”


ငြင်းဆန်ဖို့ရာအတွက် ခေါင်းခါလိုက်သော်လည်း ထိုမိန်းကလေးအတွက် အသုံးမဝင်။ မကြည်ပြာ ဟုသာ တတွတ်တွတ်ခေါ်နေသည်မို့ နှုတ်ခမ်းမှ ပြောလိုက်မိသည်။

“ကျွန်မ မကြည်ပြာ မဟုတ်ဘူး...”


Tuesday, February 18, 2025

နွားတစ်ကောင် ရောင်းရန်ရှိသည်



နွားတစ်ကောင် ရောင်းရန်ရှိသည်။ နွားတွေ ဘယ်ဈေးရှိနေပြီလဲ။ နွားတွေဟာ ရောင်းကုန်အဖြစ်မွေးဖွားလာတဲ့အကြောင်း သူတို့ကိုယ်သူတို့မှ သိပါလေစ။ ကြောင်အိမ်တံခါးပွင့်နေသည်။ ငါးကြော်များ ပျောက်သွားသည်။ ကြောင်အိမ်ထဲကြောင်သူခိုးဝင်သည်မှာ သိပ်တော့မဆန်းဟုထင်ပါသည်။ သို့သော် နွားတင်းကုပ်ထဲ နွားသူခိုးဝင်လာသည်က ဆန်း၏။ မြောင်းတကာနွား ချောက်နွား သံလျင်နွား နွားများ နေရာပေါင်းစုံတွင်တည်ရှိနေကြသည်။ ကိုယ့်အသက်မွေးဝမ်းကျောင်းစရာမလိုပါဘဲနှင့် မြက်ကလေးစားရုံမျှပြည့်တတ်သည့်ဗိုက်ကိုပင် လူများစွာ၏ အမြတ်ထုတ်စေခိုင်းခြင်းခံနေရသည်။ ။ ထိုသို့အမြတ်ထုတ်စေခိုင်းပြီးနောက် ဆက်လက်၍အကုသိုလ်ပွားများစေရန် ထပ်မံရောင်းရသေးသည်။ နွားသူခိုးများကား အံ့ဖွယ်ရာတည်း။ အဆိုးဝါးဆုံးအကုသိုလ်ကို မျှဝခံယူရဲသည့်သတ္တိရှိသူများတည်း။ စကားမစပ် နွားတကောင်ရောင်းရန်ရှိပါသည်။


ကံကြွေးရှိသမျှ ဒီမျှနှင့် ကျေကြပါစေ


(၁)

 “မကြီးရယ်။ မုန့်ဖိုးလေး ၅၀…၁၀၀ လောက်ပေးပါ…သမီးထမင်းမစားရသေးလို့ပါ”


 မျက်စိရှေ့ဝယ် လက်ကလေးဖြန့်ကာတောင်းနေသော ကလေးငယ်ကိုကြည့်ရင်း စိတ်ပျက်၊ စိတ်ညစ်စွာ မျက်နှာလွှဲထားမိ သည်။ ဒီဆိုင်လေးသည် အတော်ပင်ရောင်းကောင်းသော အေးဂျင့်ကုန်စုံဆိုင်လေးဖြစ်ပြီး ဆိုင်ရှေ့ဝယ် ထိုသို့သောကလေးငယ်တွေ မနက်၊ ညရှိနေတတ်သည်မှာ စိတ်ပျက်ဖွယ်ရာပင်။ အခုနောက်ပိုင်း ပို ပိုစိတ်ညစ်ဖွယ်ရာကောင်းလာသည်က အရင်ထက် ပိုမိုရဲတင်း ကာ အင်္ကျီအစကို လက်နှင့်ဆွဲ၍ တောင်းတတ်ခြင်းပင်။ သူမ ထိုသို့သောကလေးငယ်တွေကို မုန့်ဖိုးပေးလေ့ မရှိပါ။ အကျင့်ပါသွား မှာစိုး၍ပင်။ မနက်ခင်းဈေးသွားချိန်ဝယ် ထိုသို့သော နွမ်းပါးသည့်ကလေးငယ်များ ပန်းရောင်းတတ်သည်။ ထိုအချိန်တွင်တော့ အားပါး တရကိုဝယ်ယူလိုက်သည်။


 တစ်ခေါက် လမ်းရှေ့ဝယ် အမှိုက်ကောက်နေသော ကလေးတစ်ချို့ကိုခေါ်ကာ အဝတ်အစားပေးဖူးသည်။ သို့သော် သူတို့ တစ်ဆင့်တက်မေးသည်က သူမ တူမလေးစီးနေသောဖိနပ်လေးကိုပါ ပေးလို့မရဘူးလားဟင်..ဆိုတော့… ပေးတော့ပေးဖြစ်ပါသည်။ နောက်တစ်ခါခေါ်ဖို့တော့ စိတ်မကူးမိတော့။


 “မကြီးဆန်က၁၅၀၀၊ ကြက်ဥက ၅လုံး ၆၀၀ အားလုံးပေါင်း ၂၁၀၀ ပါ”


 ငွေ ၂၁၀၀ကို ထုတ်ပေးရင်း စိတ်ချမ်းသာစွာ ထွက်လာခဲ့သည်။ ဘာပဲပြောပြော ထိုကလေးငယ်တို့ကို မြင်ရခြင်းမှလွတ်လပ် လာခဲ့ပြီ မဟုတ်လား။


“ဒဏ်ရာရ ပန်းတစ်ပွင့်ရဲ့ အဖြေ”


 (၁)

မေမေ၊ မေမေ ဒီနေ့ ရန်ကုန်က ပြန်မလာဘူးတဲ့လား။ အန်တီကလည်း အရှေ့အိမ်မှာ ရုပ်ရှင်ကြည့်နေတုန်းလား။ ဒီခြေသံဟာ မေမေနှင့် အန်တီ့ခြေသံမဟုတ်တာတော့ သေချာနေခဲ့သည်။ အနံ့တထောင်းထောင်းထနေသော ခြေသံကို ကြောက်ရွံ့လွန်းစွာ ကုတင်အောက်သို့ဝင်ပုန်းရင်း မျက်လုံးအစုံကို အနားမပေးနိုင်ခဲ့။ ဘယ်အချိန်များ တံခါးလှပ်လိုက်မလဲဆိုသည့်အတွေးဖြင့် ကြောက်လန့်စွာ..။

 ဟင့်အင်း။ ကျွန်မကို ဟိုကိုင်ဒီကိုင် လုပ်တာလဲမကြိုက်ဘူး။ ဟိုထိဒီထိလုပ်တာလည်း မကြိုက်ဘူး၊ မကြိုက်ဘူး။ ဘာဦးလေးလဲ။ သွေးတော်တာမှမဟုတ်ဘဲ။ ကျွန်မမျက်နှာကို လာလာနမ်းတယ်။ မေမေတို့ ရှိတဲ့အချိန်ကျတော့ ဟိန်းလားဟောက်လားနဲ့။ ပြီးတော့ပြီးတော့..။

လျှာဖျားမှ ငံကျိကျိအရသာကြောင့် လက်ဖြင့်တို့ထိမိတော့ ပါးပြင်မှ စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရသည်။ သတိထားကာ ကြည့်တော့မှ ကုတင်တိုင်မှ ဖေါက်ထွက်နေသည့် သံချောင်းတစ်ချောင်း။

“မ ဆို အယ် ခေါ်နေတာလည်း မကြားပါ့လား မ ချစ်မ ချစ်မမ”


“မေတ္တာနှောင်ကြိုး”


“မဖြစ်တော့ဘူး သူ့ကို ငါမလိုချင်တော့ဘူး”
ယခုမှ ထဖွင့်လိုက်သော တီဗွီသည်ပင် ကိုယ့်ကို စိတ်ပျက်စိတ်ကုန်စေသည့် ဇာတ်ဝင်ခန်း ဖြစ်နေပါသည့်ကော။ ရှင်းသန့်ငယ် စိတ်ပျက်လက်ပျက်နှင့်ခေါင်းခါရင်း တီဗွီကို ပိတ်လိုက်မိရင်းက အပူအပင်ကင်းစွာ အိပ်ပျော်နေသည့် နုထွေးကို ကြည့်လိုက်မိသည်။ နုထွေး သည်အကြောင်းအရာကိုသိလျှင် မည်သို့ဖြစ်သွားနိုင်သလဲ ဆိုသည့် အတွေးကိုလည်း စဉ်ဆက်မပြတ်တွေးမိရင်း ရင်ထဲမှာ ကျဉ်တက်လာရသည်။
---++++----
“မမကြီး တို့ လွန်တာပေါ့ ဘာဖြစ်လဲ အခု မမကြီးတို့ သိတော့ကော ဘာထူးလဲ မမကြီးတို့ ဒီကလေးကို မျှော်လင့်ချက်ပေးပြီးပြီလေ..ဘာလို့ ပြန်ဖျက်မှာလဲ”
“ဟင့်အင်း ငါ့မိသားစုထဲမှာ ဒီလိုကလေးကိုတော့ အတူမထားနိုင်ဘူး နင်မကျေနပ်ရင် နင်မွေးစားလိုက် ရှင်းသန့် အေး ငါ့ကို အတ္တကြီးတယ်ပဲဆိုဆို ငါ့မှာ မွေးဖွားလာဦးမယ် သားသမီးတွေရှိတယ် အဲဒီကလေးတွေအတွက် ဒီကလေးကို မထားနိုင်ဘူး”
ပြောပြောဆိုဆိုဖြင့် လှည့်ထွက်သွားသည့် မမကြီး၏နောက်ကို ရှင်းသန့်ငယ် အပြေးလိုက်မိသည်။ သို့သော် မမကြီးကတော့ဖြင့် သူ့ကိုယ်ပိုင်ကားလေးပေါ်သို့ ရောက်သွားချေပြီတည်း။ မျက်ဝန်းတွင် ပြေးမြင်လိုက်မိသည်က ဖြူဖွေးသန့်စင်သော အသားအရည်နှင့်အတူ ရှင်းသန့်ကြည်လင်ကာ ချစ်ဖို့ကောင်းလွန်းသည့် မျက်နှာလေးတစ်ခု။ ဆံပင်ကုပ်ဝဲလေးကို ခေါင်းလေးတစ်ခါခါနှင့် ဝဲနေသည်ကို နှစ်သက်တတ်သည့် ကလေးငယ်လေးတစ်ဦး။

“ဆောင်းအိပ်မက်ပမာ နေ့တာရှည်”


မနက်ဆိုပေမယ့် တစ်ယောက်တည်းကျန်ခဲ့လို့ဖြစ်မယ်။ အရာရာတိတ်ဆိတ်နေတာပဲ။ ပတ်ဝန်းကျင်က ချက်ကြပြုတ်ကြတဲ့ အနံ့တွေနဲ့ စိုးစိုးစီစီအော်မြည်တဲ့ ငှက်ကလေးတွေအသံတောင် ဒီနေ့မတွေ့ရဘူး။ ကိုယ် အိပ်ယာထနောက်ကျလို့ဖြစ်မယ်။ အေးလေ။ မနေ့က သန်းခေါင်ကျော်ထိ ကိုယ့်မှာ အတွေးတွေနဲ့ နစ်နေခဲ့ရတာမဟုတ်လား။ အခုလဲ မျက်လုံးပွင့်လာပေမယ့် မထမိသေးဘူး။ အခန်းထောင့်စွန်းနားက ကြိုးတန်းပေါ်မှာ လှန်းတင်ထားတဲ့ အဝတ်ညစ်တွေကို အချိန်အတော်ကြာတဲ့အထိ ကြည့်နေမိတယ်။

ပြီးတော့ စိတ်မပါလက်မပါနဲ့ပဲ အိပ်ယာကပြီး အခန်းထဲက အဝတ်ညစ်တွေကို လိုက်စုလိုက်တယ်။ တစ်လက်စတည်း အမေနဲ့အဖေ့အခန်းထဲက အဝတ်ညစ်တွေကို လိုက်စုပြီး ရေချိုးခန်းဆီ လာလိုက်တယ်။ ရေချိုးခန်းကတော့ ထုံးစံအတိုင်း ညစ်ပတ်နေတာပါပဲ။ တစ်လမှတစ်ခါတိုက်ချွတ်နေကျဖြစ်လို့ ညစ်ပတ်တာက သိပ်တော့လဲမဆန်းပါဘူး။ အဖေအမြဲထွေးထုတ်ထားတတ်တဲ့ ကွမ်းသီးအပိုင်းအစတွေနဲ့၊ ပြီးတော့ အဝတ်ညစ်ဆီကထွက်လာတဲ့ ရေဆိုးတွေနဲ့ဆိုတော့ မရှင်းတာတစ်ပတ်လောက်ကြာရင်ကို တော်တော်ညစ်ပတ်နေတတ်ပြီ။ ရေချိုးခန်းထဲ ဝင်လိုက်တယ်ဆိုရင်ကိုပဲ ခြေဖဝါးက ချော်ကျိကျိနိုင်တဲ့ခံစားမှုကြောင့် အဖေနဲ့အမေချော်မလဲခင် ကြမ်းခင်းတိုက်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးမိသေးတယ။် 

The Enchanted Hollow Adventure

  The Enchanted Hollow Adventure Chapter 1: The Mysterious Hole It was the last day of school before the long-awaited summer holiday. Mi...