ချစ်သူနှင်းဆီ ညို
ကျွန်တော့်အတွက်တော့ သူမသည် အဆိပ်ပြင်းလွန်းသည့် နှင်းဆီပဲ ဖြစ်သည်။ ရိုးရိုးနှင်းဆီမဟုတ်သည့် အဆိပ်ရှိသော ဆူးများကာရံထားသော နှင်းဆီရိုင်း။ နှင်းဆီရနံ့ကို ရှုရှိုက်ဖို့မပြောနှင့်၊ လက်ကလေးနှင့် အသာအယာတို့ထိဖို့ကိုပင် ကျွန်တော် မရဲဝဲ့ခဲ့။ သူမ၏ အဆိပ်ပြင်းလွန်းသော မာယာဆူးများကို ငေးကြည့်ရင်း ကိုယ်ကိုယ်ကို ကျွမ်းကျင်သည့် ပန်းဆွတ်သမားမဟုတ်ဟု သတိပေးနေရသည်မှာ အခါခါဖြစ်သည်။ ထိုကဲ့သို့ ကြိုရှောင်ခဲ့ပါလျှက်နှင့် သူမ၏ အဆိပ်မိခဲ့သည်ဟုဆိုလျှင် ကျွန်တော် ညံ့ဖျင်းလွန်းရာများကျနေလေမလား။
အဲဒီနေ့က ကျွန်တော် မလာခဲ့ပါဘူး။ ဟုတ်တယ်။ ကျွန်တော်မလာခဲ့ဘူးလို့ မှတ်မိပေးပါ။ ခင်ဗျားရဲ့ ပါးလျလွန်းတဲ့ ဆံပင်နုဖျော့ဖျော့ တိတိကျကျဆိုရရင် အညိုဖျော့ဖျော့တွေ ကျွန်တော့်ကို မမှတ်မိဘူးမဟုတ်လား။ လေနဲ့ယိမ်းကနေတဲ့ ခင်ဗျားဆံပင်တွေက ကျွန်တော့်ထွက်သက်ဝင်သက်ရနံ့ကို သူတို့ ရှုရှိုက်မိသွားကြတယ်။ အဲဒီနေ့က ကျွန်တော်မလာခဲ့ဘူး။ ခုံတန်းပြာလေးကို ကျွန်တော်မလာခဲ့ဘူးလို့ မှတ်မိပေးပါ။
မျက်လုံးအစုံကို မှိတ်လိုက်မိ၏။ ယောကျ်ားသားတစ်ယောက်လည်း မျက်ရည်ကျတတ်ပါတယ်ဆိုသည့် စကားကိုကြားလျှင် သူမ ဟားတိုက်ရယ်မောနေလောက်ပါသည်။ “အဟက်” တိုးတိတ်ဖျော့တော့သော်လည်း ညှို့ယူမှုပြင်းလွန်းသည့် သူမ၏ ရယ်သံကို ပြန်ကြားယောင်မိ၏။ ထိုနေ့က ကျွန်တော် တိတ်ဆိတ်နေခဲ့သည်။ ထိုနေ့က ထပ်မံထွက်ကျလာသည့် သူမ၏ စကားများစွာသည် ကျွန်တော့်ကို မညှို့ယူနိုင်ခဲ့။ ကျွန်တော့်နှလုံးသားကို သေဆုံးလုမတက် အဆိပ်ပြင်းစေခဲ့သည်။ သူမ ကျွန်တော့်ကို ကစားပွဲအတွင်းစည်း၌ ရှိဆဲဟု ယုံကြည်နေခဲ့သည်။ ယခုကော ယုံကြည်နေဆဲ့ပဲလားဟုသူမ မျက်နှာကိုကြည့်ရင်း မရေမရာတွေးမိပြန်သည်။ တကယ်ဆို ထိုနေ့မှာပင် သူမအနားသို့ တိုးကပ်ရန်ကြံရွယ်ခဲ့သော ကျွန်တော်သည် ထိုနေ့မှာပင် သူမ အနားမှ ပြေးထွက်ဖို့ အားအင်ရရှိလိုက်ပြီဖြစ်သည်။ သို့သော် သူမအပေါ်၌ တင်းမာပြတ်သားသောစကားတို့ ဆိုဖို့ရာ ကျွန်တော်မတတ်နိုင်ခဲ့။ မတတ်နိုင်သေး။ “ငါ နင့်ကိုမျှော်နေတာအကြာကြီးပဲ” ကျေးဇူးပြုပြီး ဆက်မပြောပါနဲ့လား။ ခင်ဗျားမာယာတွေ ကျွန်တော်မယုံဘူး ညို။ တိုက်ရိုက်မတားနိုင်ပေမယ့် ကျွန်တော့်စိတ်ထဲက စကားလုံးတွေအတွက် ကျွန်တော်တိတ်ဆိတ်နေချင်တယ်။ အဟက် ခင်ဗျား မျက်ရည်တွေ ကျလာပြန်ပြီ။ ကျွန်တော်က ခင်ဗျားမျက်ရည်အတွက် အရင်လို ကြေကွဲတုန်းလို့များ ထင်နေသေးလား ညို။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို မနှိပ်စက်ပါနဲ့တော့လား။ စိတ်ထဲက တောင်းပန်နေတဲ့ အသံက အပြင်ကိုထွက်မလာပေမဲ့ ညို ခင်ဗျား သိမှာပါ။ ကျွန်တော်တောင်းပန်နေတယ်ဆိုတာကို။ “နင့်ကြောင့်…”
စကားဆုံးအောင် နားမထောင်ပဲ လှည့်ထွက်သွားသည့် ကျွန်တော့်ကို သူမ အံ့သြနေလေမလားဟု သိချင်ပါသည်။ ဝေလင်း ဆိုတဲ့ကောင်က ခင်ဗျားအတွက်အရုပ်အဖြစ်မခံတော့ဘူး လို့ပြတ်ပြတ်သားသား ငြင်းဆိုပြီးရက်နှင့် သူမ၏ သဘောထားကို သိချင်နေမိသည့် ကျွန်တော် ကိုယ့်ကိုယ်ကိုသာ ကျိန်ဆဲလိုက်မိသည်။ ဟော ပြင်းလွန်းတဲ့ အဆိပ်နဲ့ သူမ ကျွန်တော့်ကို ညို့ယူလိုက်ပြန်ပြီ။ သူမ ၏ ရှိုက်ကြီးတငင်ငိုသံမှာ ကျွန်တော့်နှလုံးသားတို့ တတိတိကိုက်ခဲလာသည်မှာ အဘယ်သို့သော အဆိပ်ပါလဲ။ အိမ်အပြန်ခြေလှမ်းတို့သည့် ရှေ့ခရီးဆက်ဖို့မေ့လျော့စွာ တုန့်ခနဲ။ ထို့နောက်သူမဘက်သို့ ဖြည်းငြင်းစွာ လှည့်လိုက်တော့ သူမ ကျွန်တော့်ကို ကြည့်နေသည်။ မပြုံးနဲ့ ညို။ အသံတိတ်ပြုံးတတ်တဲ့ ခင်ဗျားမျက်လုံးတွေကို ကျွန်တော် မုန်းတယ်။ ဟော ခင်ဗျားဆံပင်အညိုဖျော့တွေက လွင့်ဝဲရင်းနဲ့ကျွန်တော့်ကို လှောင်ပြန်ပြီ။ ခင်ဗျားမျက်လုံးတွေ အမြဲစိုလဲ့နေအောင် ခင်ဗျားဘာဆေးသုံးထားလဲဗျာ။ ခင်ဗျားရဲ့ နှာတံစင်းစင်းလေးက နွားသိုးလေးတစ်ကောင် နှာမှုတ်သလို စူပွစူပွနဲ့ တစ်ခုခုပြောဖို့ အားယူနေပြန်ပြီလား။ နှုတ်မှ ဆိုလုလုစကားတို့ကို ပြင်ပသို့ ထွက်မသွားအောင် နှုတ်ခမ်းအစုံကို တင်းကျပ်စွာ စေ့ထားလိုက်မိသည်။ “သွားမယ်ဆိုလည်း သွားပါတော့ ငါ နှုတ်ဆက်လိုက်ပါတယ်” ရင်မှာ ဟာခနဲ။ တားတုန်းက သူမကိုယ်တိုင် တားခဲ့ပြီး ခုကျတော့ သူမက ချာခနဲ လှည့်ထွက်သွားပြန်ပြီ။ ယောကျ်ားတွေရဲ့ အထာကို သူမ မို့ ညက်လွန်းသည်ဟု တိတ်တဆိတ်ကျန်ဆဲလိုက်မိသည်။ သို့သော် ကျွန်တော်နိုင်ပါသည်။ ကျွန်တော် ရှုံးခဲ့သည့်ထိုနေ့ကို သူမ ဘယ်တော့မှသိနိုင်မည်မထင်တော့။ ကျွန်တော့်ဝင်သက်ထွက်သက်တို့ကို တိတ်တဆိတ်ထိတွေ့ခဲ့သော သူမ၏ ဆံနွယ်ညိုတို့သည်လည်း သူမကို သတင်းပို့နိုင်မည်မဟုတ်တော့။ ခင်ဗျားကို ကျွန်တော်ချစ်တယ် ညို။ ဒါပေမဲ့ အလှည့်စားခံဖို့တော့မဟုတ်ဘူး။ အဲဒီနေ့က ကျွန်တော် မလာခဲ့တဲ့အကြောင်း ခင်ဗျားဆံပင်လေးတွေက တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ခင်ဗျားကို ပြောပြနေမှာပါ။ ထိုနေ့က ခုံတန်းလေးမှာ သူမ ထိုင်နေခဲ့သည်။ ထိုနေ့က သူမ၏ ဆံပင်အညိုဖျော့တို့သည် ခုံတန်းနောက်တွင် ပုန်းနေသော ကျွန်တော့်မျက်နှာကို တို့ထိဆော့ကစားနေခဲ့သည်။ ထိုနေ့က သူမ၏ လက်တွင် ကျွန်တော့်ဒိုင်ယာရီလေး ရှိနေခဲ့သည်။ ဒီလောက်ပဲ။ ဒီလောက်ပါပဲလေ။ သူမထည်လဲတွဲတတ်တဲ့ ရည်းစားတွေဟာ ကျွန်တော့်သူငယ်ချင်းတွေဖြစ်ကြောင်း၊ သူမသွားတတ်တဲ့နေရာတွေမှာ ကျွန်တော် အမြဲရှိကြောင်း၊ သူမအပြုံးလေးတွေကို နမ်းချင်ရက်နဲ့ မြိုသိပ်ထားရကြောင်း ကျွန်တော့်ဒိုင်ယာရီကနေ ဒါတွေကို သူမ မြင်ခဲ့ပါလိမ့်မည်။ ကျွန်တော့်ဒိုင်ယာရီကို သူမ ဘယ်လိုရလဲ ကျွန်တော်မသိခဲ့။ ခုံတန်းမှ တစွန်းတစမြင်လိုက်ရသော စာအုပ်အနှောင့်လေးကို မြင်ရုံနှင့် ကျွန်တော့်ဒိုင်ယာရီစာအုပ်ဟု သိလိုက်ရသည်ကတော့ သူမအပေါ် ကျွန်တော့်စွဲလမ်းမှုတစ်ခုဟု သတ်မှတ်နိုင်ပါသည်။ သူမကို စွဲလမ်းလွန်း၍ပဲ စာအုပ်အနှောင့်ဝယ် နှင်းဆီရိုင်းဒဏ္ဍာရီ ဟု ရေးမိခဲ့သည် မဟုတ်ပါလား။ ထိုစာအုပ် သူမ လက်ထဲ ဘယ်လိုရောက်လဲဟု အပြင်းအထန်တွေးရင်း သူမ ရှေ့သို့ ထွက်ဖို့ပြင်စဉ်မှာပင်သူမ၏ စကားသံက ကျွန်တော့်နှလုံးသားကို ထိုးခွဲလိုက်တာဖြစ်သည်။ တိတိပပဆိုရသော် သူမပြောနေသော ဖုန်းကိုဖြတ်စီးသွားသာည့် စကားတစ်ခွန်းက ကျွန်တော့်နှလုံးသားကို ထိုးခွဲလိုက်တာဖြစ်သည်။။ “ဒီကောင်လည်း ငါ့ကို ကြွေနေတာပဲဟ သနားထှာ ဒါပေမဲ့လည်း ဘယ်တတ်နိုင်မလဲကွယ် ကိုယ့်မှာ ရည်ရွယ်သူလေးရှိပြီးသားကွဲ့ ” တဲ့လေ။ ကိုယ့်ကိုယ်ကို အထင်တကြီးဟန်နှင့် ပြောနေသည့် သူမ စကားသံတို့ကို နားထောင်ရင်း ကျွန်တော့်နှလုံးသားလေး ရှက်သွားခဲ့သည့်အကြောင်း သူမ ဘယ်တော့မှ မသိနိုင်တော့။ ကျွန်တော့်အချစ်ဟာ သူမအတွက် ရောင်းကုန်တစ်ခုဖြစ်နေသလား။ ပေါပေါလှောလှောကြွားစရာ စကားစုတစ်ခုဖြစ်နေခဲ့သလား။ ကျွန်တော့်နှလုံးသားမှ ကြီးမြတ်မှုတွေကို သူမ ရိုက်ချိုးလိုက်ခြင်းသာဖြစ်သည်။ အချစ်ကို ဘယ်တုန်းကမှ မကစားခဲ့သည့် ကျွန်တော်၊ အခုကစားခံလိုက်ရတဲ့ ကျွန်တော့်အချစ်ကို ပြန်ရုတ်သိမ်းလိုက်ပါမည်။ ခင်ဗျား လာငိုမပြနဲ့။ ခင်ဗျားမျက်ရည်တွေကို ကျွန်တော်မယုံဘူး ညို။ ဟုတ်တယ်။ မယုံဘူး။ တသိမ့်သိမ့်တုန်ခါနေသည့် သူမကိုယ်လေးအား ဆွဲလှည့်ပစ်ချင်စိတ်တွေကို မြိုသိပ်ပစ်လိုက်သည်။ သွားပါစေ။ သူမလည်း သူမလမ်းကို သွားပါစေတော့၊ ကျွန်တော်လည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်ရပါမည်။ ငို။ ဆက်ငို။ ဆက် ဆက် ငို။ ကျွန်တော် မသနားမိအောင် နေမယ် ညို။ ---------------++++-------------------- “သူ အဲဒီနေ့က ဒီစာအုပ်ဖတ်လိုက်ရတဲ့အတွက် တော်တော်ပျော်သွားတာပဲ ညီ မင်းဝတ္ထုတွေကို မလွတ်တမ်းအားပေးတဲ့ပုံပဲ ညိုလဲ့ရီက” မဟုတ်ဘူး။ ကိုကို ဆက်မပြောနဲ့။ ညိုဆိုတဲ့ အဲဒီမိန်းမက ကိုကို့ကိုချဉ်းကပ်ပြီး ကျွန်တော့်ကို အသေသတ်သွားတာ။ တိုက်တိုက်ဆိုင်ဆိုင် သူက ဒိုင်ယာရီကို ဧည့်ခန်းမှာ မေ့ပစ်ခဲ့သတဲ့လား။ သူရေးတဲ့ဝတ္ထုအသစ်ကို ခဏပေးဖတ်ပါဆိုတဲ့စကားကို ကိုကိုကလည်း လက်ခံခဲ့သတဲ့လား။ တစ်နေရာရာမှာတော့ မှားနေပြီ ဖြစ်သည်။ လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို စွတ်ဖက်နိုင်ခွင့်ဟာ ကိုကို့မှာမ ရှိသလို ညို့မှာလည်း မရှိ။ တကယ်ဆို ကျွန်တော့်ကို မေးသင့်ပါသည်။ “ညီသိတဲ့အတိုင်းပဲ ကိုကိုနဲ့ ညိုလဲ့ရီကို စေ့စပ်ခိုင်းနေကြတာ ကြာပြီလေ အဲဒီညမှာပဲ ညိုလဲ့ရီက ကိုကို့ကို ဖုန်းဆက်ပြီး ပွဲဖျက်ဖို့ပြောလာတယ်လေ။” ကျွန်တော်က သာမန်စာရေးသူတစ်ယောက်ပါ။ ထပ်မပြောပါနဲ့တော့။ ထပ်မပြောပါနဲ့တော့လို့ ကိုကို့ကို တားချင်လိုက်တာ။ စာရေးခြင်းကို သီးသန့်ဝါသနာပါလာခဲ့သည်မို့ မိဘအမွေအနှစ်ပွဲရုံကို ကိုကို့လက်ကို ထိုးအပ်ြပြီး စာရေးဖို့ပဲ အာရုံစိုက်လာတာကြာပြီပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ကမှ မိဘချင်းရင်းနှီးတယ်ဆိုသည့် ညိုလဲ့ရီကို ကိုကို့ပွဲရုံကို သွားရင်းနဲ့မှ တွေ့ခဲ့ရတာဖြစ်သည်။ အဲဒီကစလို့ သူမဟာ ကျွန်တော့်ကို ရစ်ပတ်တော့တာပဲ။ စတွေ့ကတည်းက အညိုဖျော့ဆံပင်တွေနဲ့ ကျွန်တော် အဖြားယောင်းခံလိုက်ရတာပဲ ဖြစ်သည်။ နာမည်မကြီးတကြီးရေမွှေးနံ့မှာ တစ်ကိုယ်လုံးနစ်မြုပ်သွားချင်သည်ထိ ကျွန်တော် သတိလစ်ခဲ့၏။ ရူပဗေဒမေဂျာနဲ့ အောင်ထားလို့သာပဲ။ အချစ်တက္ကသိုလ်ဆင်းလို့ပဲ ထင်မိချင်သည်ထိ ညိုလဲ့ရီဟာ မာယာများလွန်းသည့် အလှပိုင်ရှင်။ ထိုနေ့ကစ၍ ညိုလဲ့ရီရဲ့ ရည်းစားများခြင်းသင်ခန်းစာတွေဟာ တစ်နေ့ပြီးတစ်နေ့ ကျွန်တော့်ကို ခြိမ်းခြောက်နေခဲ့သည်ပဲ။ အချစ်ဝတ္ထုမရေးတတ်တဲ့ဘဝသရုပ်ဖေါ်ရေးသူ စာရေးဆရာတစ်ယောက်ဟာ အချစ်ဝတ္ထုလေးတွေကို ကြိုကြားကြိုကြား ရေးဖွဲ့လာတတ်တဲ့အကြောင်း ပို့နေကျ မဂ္ဂဇင်းအယ်ဒီတာတွေကလွဲလို့ ဘယ်သူသတိထားမိမှာလဲ။ ညိုလဲ့ရီ နဲ့တွေ့ပြီးကတည်းက ရေးခဲ့တဲ့ အချစ်ဝတ္ထုတိုတို့သည် နှစ်နှစ်အတွင်းမှာ အပုဒ်ရေ ရာကျော်ပြီဖြစ်ကြောင်း ဒိုင်ယာရီလေးမှ လွဲ၍ မည်သူမှ သတိမထားမိခဲ့။ ဖွင့်ချခဲ့တဲ့ စကားပေါင်းများစွာကို ဒိုင်ယာရီလေးသည် လုံခြုံစွာ သိမ်းဆည်းပေးခဲ့သည်မဟုတ်ပါလား။ ခုတော့ ကိုကို့ကြောင့် ညိုလဲ့ရီ သိခဲ့ပြီ။ သူမ ၏ အချစ်ကို တန်ဖိုးမထားတတ်မှုကြောင့်ပဲ ကျွန်တော့် နှလုံးသားတို့ ခက်ထန်ခဲ့ပြီဖြစ်သည်.။ “ညိုလဲ့ရီ ဒီနေ့ပဲ ရန်ကုန်ကို သွားတော့မယ် တဲ့” သွားပေါ့။ ကျွန်တော်က တားခွင့်မရှိသူပါ။ ကျွန်တော်က သူမအတွက် မြက်တစ်ပင်ပါ။ သူမ သွားလိုရာအတွက် နင်းခြေသွားခွင့်ကို အလိုမတူပဲ ပေးထားမိသူပေါ့။ “အန်တီနဲ့ ဦးလေးကလည်း တားတာပဲ မရဘူး ရန်ကုန်မှာပဲ ကွန်ပြူတာ သင်တန်းကိစ္စသွားရင်းနဲ့ အလုပ်သစ်စကြည့်မလို့ တဲ့ ပွဲရုံလုပ်ငန်းလည်း သူ စိတ်မဝင်စားဘူး တဲ့” ကျွန်တော် ခေါင်းညိတ်ပြစရာမလိုသလို ခေါင်းခါပြစရာမလိုဘူးမဟုတ်လား။ ကျွန်တော့်နှုတ်ခမ်းက မဲ့ပြုံးကို ကိုကိုဘာ့ကြောင့် အသေအချာ လာစိုက်ကြည့်နေတာလဲ။ မကြည့်နဲ့။ “ညီ မင်းမသိချင်ယောင် မဆောင်နဲ့ကွာ ညိုလဲ့ရီကို တားနိုင်သူက မင်းတစ်ယောက်ပဲရှိတာကို” ဒီစကားမှာတေ့ာ ကျွန်တော် တကယ်အံ့သြသွားခဲ့သည်။ သို့သော် ကိုကို မသိပါစေရန် ဆက်ခနဲတုန်သွားတဲ့ ကိုယ်ခန္ဓာကို ထိန်းမတ်ရင်း ကိုကို့ကို ဆတ်ခနဲ လှည့်ကြည့်လိုက်မိပြီဖြစ်၏။ အိုး ယုံလိုက်ရမှာလား။ ကြားရတဲ့စကားက မယုံနိုင်စရာ။ သို့သော် ကျွန်တော့် ခြေလှမ်းတွေကို ထိန်းချုပ်ဖို့ မေ့စွာ အပြေးနှင်ခဲ့ပြီဖြစ်၏။ ဒါဆို ကျွန်တော့် ဒိုင်ယာရီလေးကို ဖတ်ပြီးမှ သူမက ကျွန်တော့်ကို ချိန်းတာပေါ့ လို့ တွေးရင်းကြည်နူးမိသွားခြင်းကို ထိန်းချုပ်လို့ မရခဲ့။ တိုက်တိုက်ဆိုင်ဆိုင် ပဲ သူမရဲ့ ဖုန်းနဲ့ ပြောနေတဲ့ တစ်ယောက်က ဘယ်သူပါလိမ့်လို့ စဉ်းစားမိလိုက်သေးသည်။ ကိုကိုများလား။ တုန့်ခနဲဖြစ်သွားတဲ့ခြေလှမ်းတွေဟာ ရပ်တန့်လောက်သည်ထိ မပြင်းထန်ပြန်။ ကိုကိုက ချစ်ခဲ့ရင်တောင် ညိုက လက်မခံခဲ့ဘူးမဟုတ်လား။ ကိုကို ပြောလိုက်တဲ့ စကားက “ညိုလဲ့ရီ ပြောသွားတာက ကိုကိုနဲ့ မဟုတ်ပေမဲ့ ညီနဲ့ဆိုရင် စေ့စပ်ပွဲကို သူ လက်ခံတယ်တဲ့ နောက် ဒိုင်ယာရီကို ကိုကိုကိုယ်တိုင် ညီ့အခန်းကို ဝင်မွှေရင်းနဲ့ ဧည့်ခန်းမှာ တမင်ထားခဲ့လိုက်တာ ညီမသိတဲ့ အကြောင်းတစ်ခုက ညီ့ဝတ္ထုတိုတွေ ပါတဲ့ မဂ္ဂဇင်းမှန်သမျှ သူ ဝယ်သိမ်းထားတတ်ခဲ့တယ် အဟင်း သူကိုယ်တိုင် ဝန်ခံခဲ့တဲ့ စကားလေးပေါ့ ညီ” တဲ့လေ။ ရင်ထဲမှာ ပြည့်နေသော စကားတို့ကိုဖွင့်ချရန် ကားဂိတ်သို့ အသော့နှင်နေမိသည်။ ဆိုင်ကယ်ကယ်ရီ တစ်စီးလောက်အမြန်ရရင် ကောင်းမှာပဲ။ ဒါဆို ညို့ကို မီဖို့ ပိုသေချာလိမ့်မယ်။ ညို ခင်ဗျားမသွားနဲ့ဦး။ ကျွန်တော့်ကို ချစ်တယ်လို့ ဖြေခဲ့ဦး။ ကိုကိုပေးခဲ့တဲ့ ကျွန်တော့်ဒိုင်ယာရီထဲမှာ ခင်ဗျားပြောခဲ့တဲ့ စာအကြောင်းလည်း ရှင်းပေးဖို့ကျန်သေးတယ်။ ဒီတိုင်းကြီး ထွက်မသွားနဲ့ညို။ “စာဖတ်ပရိတ်သတ်တစ်ယောက်ဟာ စာရေးဆရာရဲ့ စာတစ်ပုဒ်ကြောင့် စာရေးဆရာကို စွဲလမ်းမြတ်နိုးသွားနိုင်သလား သိချင်ပါတယ် အကယ်၍များ စွဲလမ်းမြတ်နိုးခဲ့မယ်ဆိုလျှင် စာဖတ်ပရိတ်သတ်ဖြစ်တဲ့ မိန်းကလေးဘက်က သံယောဇဉ်အမှားဖြစ်နိုင်သလား ” ဆိုတဲ့ စာအကြောင်း ရှင်းပြခဲ့ဦး။ ခင်ဗျား ဘယ်စာကို ဖတ်မိခဲ့တယ်ဆိုတာတော့ ဖြေပေးခဲ့ဦး။ ခင်ဗျားစွဲလမ်းမြတ်နိုးသွားတာ ကျွန်တော်ဆိုရင် ခင်ဗျား မမှားဘူး။ ညို။ လုံးဝမမှားဘူး။ ခင်ဗျား မမှားတဲ့အကြောင်း ပြန်ဖြေခွင့်ပေးပါ။ ရည်ဝေ(လင်းရောင်ခြည်)

.png)

No comments:
Post a Comment